အခြေခံရူပဗေဒကို သင်ကြားရသူတိုင်း Newton’s Laws of Motion
ကိုသင်ကြားရပါသည်။ Newton’s law of motion နှင့်ဆိုင်သော လေ့ကျင့်ခန်းများစွာကို လုပ်ရပါသည်။ Newton’s
Laws of Motion ကိုနားမလည်ပါက ရူပဗေဒဘာသာရပ်ကို
မတတ်မြောက်သလို၊ ကျွမ်းကျင်သော အင်ဂျင်နီယာ တစ်ယောက်လည်း ဖြစ်မလာနိုင်ပါ။
Grade 10 Physics
Chapter 4 [စာမျက်နှာ ၇၅၊ မေးခွန်း ၂၅၊
(အောက်ဖေါ်ပြပါ)] ကို ဆွေးနွေးပါမည်။
Find the maximum and minimum
accelerations, along the horizontal direction, of a body of 5 kg mass due to
a 100 N force acting upon it. (5 kg ဒြပ်ထုရှိသော
အရာဝတ္ထုတစ်ခုကို 100 N အားသက်ရောက်လိုက်သောအခါ
ရေပြင်ညီအတိုင်းရှိလာမည့် အများဆုံးနှင့်အနည်းဆုံး အရှိန်တို့ကိုရှာပါ။)
|
ပြဌာန်းစာအုပ် အဖြေတွင် [amax = + 20 m s-2,
amin = - 20 m s-2] ဟုပေးထားပါသည်။
အထက်ပါ မေးခွန်းကို အထူးထုတ်တော်တော်များများ၊
ကျောင်းတော်တော်များများနှင့် ကျူရှင် တော်တော်များများက ပြဌာန်းစာအုပ်ပါ အဖြေ မရ၊ရအောင် အောက်ပါအတိုင်း
တွက်၊သင်ပေးနေကြကြောင်း တွေ့ရပါသည်။
a = F/m = 100/5 =20 m s-2
Thus, amax = + 20 m s-2
and amin = - 20 m s-2
|
Grade 10 Physics ပြဌာန်းစာအုပ်၏ စာမျက်နှာ (၄၅)၊ စာပိုဒ် (၄) တွင် အောက်ပါအတိုင်း
ဖေါ်ပြထားပါသည်။
The mathematical
equation: F = m a, which describes the second law is
a vector equation; and according to this equation, the direction of the
acceleration is the same as that of the force. Moreover, this equation
will be a vector equation only if the mass of the particle is a scalar.
|
အထက်ပါ ပြဌာန်းစာအရ force က အပေါင်းဆိုလျင် acceleration
ကလည်း အပေါင်းသာဖြစ်ရပါမည်။
F = m a ဟူသော vector
equation
အရ၊ m > 0 ဖြစ်လျင် force နှင့် acceleration တို့ direction တူသဖြင့် လက္ခဏာ တူကြရမည်။ m < 0 ဖြစ်လျင် force နှင့် acceleration တို့ direction ဆန့်ကျင်သွားပြီး
လက္ခဏာ မတူရပါ။ m = 0 ဖြစ်လျင်မူ force နှင့် acceleration တို့ ထောင့်တစ်ခုခု ခံဆောင်နေမည် ဖြစ်သည်။
သို့သော် matter များအတွက် mass (m) သည် အမြဲတမ်း m > 0 ဖြစ်သောကြောင့် force နှင့် acceleration တို့ direction တူရမည်။
လက္ခဏာ တူကြရမည်။
သို့ဖြစ်၍ amin = - 20 m s-2 ဟူသော အဖြေသည် Newton’s second law of motion အရ F = +100 N အတွက် မှန်ကန်မှု မရှိကြောင်း
ထင်ရှားပါသည်။ Acceleration တွင် အနှုတ်ထည့်ခြင်းကို
အနည်းဆုံးဟု မယူဆရပါ။ Deceleration ဖြစ်ခြင်း၊ speed နည်းနည်းလာခြင်း၊ ရွေ့လျားမှုနှင့် Acceleration ဦးတည်ဖက် ဆန့်ကျင်ခြင်းတို့ကိုသာ ဖေါ်ပြကြောင်း နားလည်ရပါမည်။
ရူပဗေဒပညာရပ်တွင် အနှုတ်ထည့်ခြင်းမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိပါသည်။
အနှုတ်ဆိုတိုင်း အနည်းဆုံးဟု မယူရပါ။ နည်းခြင်း/များခြင်းမှာ ပမာဏ (magnitude) အပိုင်းဖြစ်ပြီး၊ အပေါင်း/အနှုတ်မှာ (direction) အပိုင်းဖြစ်ပါသည်။ Vector
quantity တစ်ခုကိုအနှုတ်ထည့်လိုက်လျှင် direction
ဆန့်ကျင်သွားမည် ဖြစ်ပါသည်။ ရမ်းသမ်းပြီး
ထည့်လို့မရပါ။ အဆင့်မြင့် ရူပဗေဒပိုင်းတွင် Vector ကို များစွာ အသုံးပြုရမည် ဖြစ်၍ အခြေခံ အယူအဆ မလွဲမှားစေရန်
သတိပြုကြရပါမည်။
အမှန်တကယ်ဖြစ်ရမည်မှာ မေးခွန်းက မစဉ်းစားရန် မပြောထားသော frictional force ကို ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။ မျက်နှာပြင်နှစ်ခု
ထိစပ်နေသည့် နေရာတိုင်းတွင် frictional force
ရှိပါသည်။ ထို frictional force သည် ရွေ့လျားမှုနှင့် အမြဲဆန့်ကျင်ပြီး၊ သက်ရောက်အားထက်လည်း
မကျော်လွန်နိုင်ပါ။
ဖေါ်ပြပါ မေးခွန်းအတွက် ဖြစ်သင့်သော အဖြေမှာ
Let, Fapplied = 100 N
minimum frictional force = fmin
= 0 N, maximum frictional force = fmax = 100 N
maximum net force = net Fmax
= Fapplied – fmin = 100 – 0 = 100 N
minimum net force = net Fmin
= Fapplied – fmax = 100 – 100 = 0 N
a = F/m
amax = net Fmax/m
= 100/5 = 20 m s-2 (The direction is the same as that of the
applied force.)
amin = net Fmin/m
= 0/5 = 0 m s-2
|
No comments:
Post a Comment