Wednesday, October 16, 2013

တက္ကသိုလ်ဝင်တန်း ရူပဗေဒ စာမေးပွဲပြင်ဆင်မှု လမ်းညွှန်

ရူပဗေဒပြဌာန်းစာအုပ်မှာ အပိုင်း (၄) ပိုင်း၊ အခန်း(၁၄)ခန်း ပါဝင်ပါတယ်။ အပိုင်း (၁) မှာ အခန်း (၁) မှ (၄) အထိ Mechanics, Heat, Wave and Sound? အပိုင်း (၂) မှာ အခန်း (၅) ကနေ (၇) အထိ Optics? အပိုင်း (၃) မှာ အခန်း (၈) က (၁၃) ထိ Electricity and Magnetism နဲ့ အပိုင်း (၄) မှာ အခန်း (၁၄) Modern Physics (Electronics and Atomics Physics) ဆိုပြီး ခွဲခြားထားတာ တွေ့နိုင်ပါတယ်။
ရူပဗေဒ မေးခွန်းလွှာမှာတော့ Section A (၄) မှတ်တန် (၉) ခုလုံး ဖြေရမှာဖြစ်ပြီး၊ Section B (၁၆) မှတ်တန် (၆)တွဲမှ နှစ်သက်ရာ (၄) တွဲ ရွေးချယ် ဖြေဆိုရမှာပါ။
အခန်းအလိုက် မေးခွန်းပါဝင်မှုကို ၂ဝ၁၂ နှင့် ၂ဝ၁၃ မှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ မိမိ ရည်မှန်းသည့်အမှတ်ရအောင် ပိုင်းဖြတ် လေ့ကျင့်ရပါမယ်။
No
Chapter
Type
1
1 to 4 မှ (၁) ခု
5 to 7 မှ (၁) ခု
8 to 13 မှ (၁) ခု
14 မှ (၁) ခု
Fill in the blank
4 Questions (4 Marks)
2
True/False
4 Questions (4 Marks)
3
1 to 4 မှ (၂) ခု
5 to 7 မှ (၂) ခု
8 to 13 မှ (၁) ခု
14 မှ (၁) ခု
4 marks each
Definition, Law, Quiz, Drawing, Calculations
4
5
6
7
8
9
8 to 13 မှ (၂) ခု  တစ်ခုသာဖြေရန်
9

No
Chapter
Type
10ab
1 to 4 သီးသန့်
(၁၆) မှတ်တန်တွင် (a) အတွက် (၈) မှတ်၊
(b) အတွက် (၈) မှတ်၊
(၈) မှတ်ကို ပင်လျှင်
ကျက်စာ (၄) မှတ်
တွက်စာ (၄) မှတ်
ဟု ခွဲပါသည်။
11ab
5 to 7 သီးသန့်
12ab
8 to 10 သီးသန့်
13ab
11 to 13 သီးသန့်
14ab
14 သီးသန့်
15a
5 to 7 မှ (၁) ခု
8 to 10 မှ (၁) ခု 11 to 13 မှ (၁) ခု
14 မှ (၁) ခု
15b
15a
15b
လေးတွဲသာဖြေရန်
တက္ကသိုလ်ဝင်တန်း ရူပဗေဒမေးခွန်းလွှာမှာ ဖြေဆိုရမှာတွေက (၁) ဥာဏ်စမ်း၊ (၂) ဥပဒေသ၊ ဖွင့်ဆိုချက်များ၊ (၃)တွက်ချက်ဖြေရှင်းခြင်းများ၊ (၄) သရုပ်ဖေါ်ပုံဆွဲခြင်းများ၊ (၅) ရှင်းလင်းရေးဖွဲ့ခြင်းများ ရယ်လို့ရှိပါတယ်။ ကျက်မှတ်နိုင်ခြင်း၊ တွက်ချက်နိုင်ခြင်း သီးသန့်ဖြင့် အမှတ်ပြည့်ရန်မဆိုထားနှင့်၊ ဂုဏ်ထူးရရန်ပင် မဖြစ်နိုင်ကြောင်း ၂ဝ၁၁ မေးခွန်းများမှာ တွေ့နိုင်ပါတယ်။


ရန်ကုန်
မန္တလေး
1
True/False/Quiz (စာတစ်အုပ်လုံးကျေမှ ဖြေနိုင်မည်)
32 %
32 %
2
Definition/Laws (စာကျက်ထားပြီး၊ ချရေးကျင့်ရှိမှ အမှတ်ပြည့်ဖြေနိုင်မည်)
14 %
17 %
3
Calculations (လေ့ကျင့်ထားမှ ဖြေနိုင်မည်)
42 %
45 %
4
Drawing (ပုံဆွဲလေ့ကျင့်ထားမှ ဖြေနိုင်မည်)
9 %
4 %
5
Essay Type (စာကျက်ထားပြီး၊ ချရေးကျင့်ရှိမှ အမှတ်ပြည့်ဖြေနိုင်မည်)
3 %
2 %



ကျောင်းသူ၊ကျောင်းသားများအနေဖြင့် အောက်ပါအတိုင်း စနစ်တကျ လေ့ကျင့်ရန်လိုအပ်ပါသည်။


အောင်မှတ်ရရန်။
ဂုဏ်ထူးရရန်။
အမှတ်ပြည့်ရရန်။
ပြဌာန်းစာအုပ် အပိုင် ရွေးချယ် လုပ်ရန်
အနည်းဆုံး (၂) ပိုင်း
အပိုင်း ၁၊ ၂၊ ၃
အားလုံးကြည့်ရန်
Concept (တစ်ပတ် တစ်ခါ ဖတ်ရန်)
-
(၁) ခန်း
(၂) ခန်း
Definition/Laws (နေ့စဉ် ချရေးရန်)
(၅) ခု
(၁ဝ) ခု
(၂ဝ) ခု
Calculations (နေ့စဉ် လေ့ကျင့်ရန်)
(၇) ပုဒ်
(၁၃) ပုဒ်
(၁၄) ပုဒ်
Drawing (နေ့စဉ် ဆွဲလေ့ကျင့်ရန်)
(၁) ပုံ
(၃) ပုံ
(၅) ပုံ
Essay Type (နေ့စဉ် ချရေးကျင့်ရန်)
-
(၂) ခု
(၃) ခု
Special TEST (အပတ်စဉ် သေချာကျက်ဖြေရန်)
-
(၁) ခု
(၁) ခု

လုပ်ရမှာ များလိုက်တာလို့ ပြောနိုင်ပါတယ်။ များများလိုချင်ရင် များများလုပ်ရပါမယ်။
လူချင်းတူတူ၊ ဥာဏ်ရည်မြင့်သူ သာမှာပါ။
ဥာဏ်ရည်တူတူ အတွေ့အကြုံများသူသာမှာပါ။
အတွေ့အကြုံတူတူ အလေ့အကျင့်များသူ သာမှာပါ။
ဥာဏ်ရည်က သင့်မွေးရာပါ အနေအထားနဲ့ ငယ်စဉ်ကတည်းက စနစ်တကျ လေ့ကျင့်ခဲ့မှု အပေါ်မှာ မူတည်ပါတယ်။ အတွေ့အကြုံအတွက် မိဘက အကောင်းဆုံးကျောင်း၊ အကောင်းဆုံးဆိုတဲ့ဆရာ၊ လိုအပ်သမျှ စာအုပ်စာတမ်းတွေ လုပ်ပေးထားပြီးသားပါ။ အလေ့အကျင့်အတွက် ကိုယ့်အပေါ်မှာ မူတည်ပါတယ်။ စာအုပ်တွေ လိုသလောက် ဝယ်လို့ရတယ်။ ဆရာတွေ လိုသလောက် ခေါ်လို့ရတယ်။ အချိန်ကို ဘယ်လိုမှ ပြုပြင်ပြောင်းလဲလို့မရဘူး။ အခုချက်ချင်းစလုပ်ပါ။ စွဲမြဲစွာလုပ်ပါ။ ပြီးဆုံးအောင်လုပ်ပါ။ သင်လုပ်သမျှ သင့်အတွက်သာ ဖြစ်ပါတယ်။
စာမေးပွဲများတွင် အမှတ်များအောင် စွမ်းဆောင်နိုင်ခြင်းသည် မိဘ များကို စိတ်ချမ်းသာအောင်လုပ်ခြင်းဖြစ်သောကြောင့်
မိဘ ကျေးဇူးကို အထိရောက်ဆုံးဆပ်ခြင်းပင်ဖြစ်၏။
Dr Vince (YU)

No comments:

Post a Comment